Sunday, March 20, 2011

Japan Earthquake

ဖိနပ်ကလေး


ကျွန်တော်အိပ်ကောင်းတုန်း
မျက်နှာလဲ မသစ်ရသေးဘူး
သူ ကျွန်တော့်ကိုစစီးပြီ
ကျွန်တော် စနင်းခံလိုက်ရပြီ

ခြံတံခါးကထွက်ပြီဆိုတာနဲ့
ကျွန်တော့်တနေ့တာလုပ်ငန်းစပြီ
တချို့ကောင်တွေက လမ်းပေါ်မှာ
ပြောင်ပြောင်ရောင်ရောင်ကာလာစုံ။

တချို့ကပါတီပွဲတွေမှာ
တချို့ကစတိုးဆိုင်ပေါ်က
မှန်ဘောင်တွေထဲမှာ
ဈေးနှုန်းကြီးတွေကပ်ခံရလို့။

ကျွန်တော်ကတော့ ဘတ်စ်ကားပေါ်မှာ
ဒီကြားထဲ တချို့ကောင်တွေကနင်းကျသေး
တချို့က ခပ်မြင့်မြင့် အချွန်တွေနဲ့
ကောင်မလေးတွေပေါ့......

တခါတခါမိုးရေထဲ ဗွက်တွေကြားကကျွန်တော်
ကိုယ့်ပါသာကို နေပါရက် ဆဲသွားသေးတယ်
ကိုယ်ပိုင်ကားပေါ်က မျက်လုံးတွေ

တခါတခါ ခပ်ထွာထွာ ကျောက်စရစ်ခဲတွေနဲ့
ကျွန်တော့်ခေါင်း ၀င်ဆောင့်ခံရ
ကိုယ့်ကိုယ်ကို မပဲ့ရွဲ့အောင်နေထိုင်တတ်ရသေး

ပျက်စီးပါးလျသွားရင် ကျွန်တော့်ကို
ဟိုး ..... အမှိုက်ပုံမှာ တစ်ဘ၀စာစွန့်ပစ်ခံရမှာ
ဈေးကြိုလမ်းကြား ဖြတ်လျှောက်ရင်
ငါးကြေးခွံနံ့တွေ အော်ဟစ်သံတွေကြား ကျွန်တော်မအော်နိုင်။

တရက်တရက် သူခေါ်ဆောင်ရာလိုက်ရင်း
နားရက်မရှိတဲ့ကျွန်တော့်ဘဝ
အပျော်ပါးမရှိ၊ အစားသောက်မရှိ၊
ကြင်သူမရှိတဲ့ အနင်းခံဘ၀။

တနေကုန် ထုထောင်း ဖိနှိပ်ခံထားရတဲ့ကျွန်တော်
အလင်းရောင်တွေပိတ်
လျှပ်စစ်မီးတွေ အစားထိုးလို့ပြန်ချိန်ဆို
ထပ်တိုးစီးရပြန်ပေါ့ ဒီဘတ်စ်ကား။

ဘယ်ကောင်၊ ကောင်မတွေကြည့်ကြည့်နံစော်နေပြီ
ဘတ်စ်ကားတိုးစီးတဲ့ ဖိနပ်ကို
ဘယ်သူက ရေးမွှေးစွတ်ပေးခဲ့မတုန်း

တနေကုန်နံစော်လာတဲ့ ဖိနပ်ကလေး
ဒီညလည်း ခွေခြေရင်းမှာ အိပ်လိုက်ရပြန်ပြီ ။    ။

(ပစ်မှတ်တွေလွဲချော်တိုင်း
  ခါးပိုက်ဆောင်ထဲက လောက်စာလုံးအပြစ်မှမဟုတ်တာ)

                                မင်းနွေဦး

အင်တာနက်ဖုန်း ပိတ်ရခြင်း အကြောင်းအရင်း ရန်ကုန်မှ အင်တာနက်ဆိုင် ပိုင်ရှင် တဦး

MPT စာမှာက အများပြည်သူများကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲရန် ဆွဲဆောင်မှု ပိုမို များပြားလာခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိုင်ငံခြား ခေါ်ဆိုမှုများ ကျဆင်းလာပြီး နိုင်ငံတော်၏ ၀င်ငွေထိခိုက်မှုများ ဖြစ်ပေါ်လာပါသည် လို့ ရည်ညွှန်း ဖေါ်ပြထားတာကို တွေ့ရတယ်။
          MPT ဟာ စီးပွားဖြစ်ဝင်ငွေရှာတဲ့ စိတ်မထားဘဲ ပြည်သူ၊ ပြည်သားများ ဆက်သွယ်မှု အဆင်ပြေ စေရေးကို အရှုံးခံသင့် အရှုံးခံပြီး ပြည်သူတွေအတွက် လုပ်ပေးသင့်ပါတယ်။  MPT က မလုပ်ဆောင်နိုင်ရင်တောင် ပြည်သူတွေ ဈေးနှုံးသက်သာ စွာ အသုံးပြုနိုင်ခွင့်ကို မျက်နှာ လွဲထားသင့်တယ်။
          Information Technology ခေတ်ကြီးမှာ IT ရဲ့ အသီးအပွင့်တွေကို မစားရလို့ သက်မှတ်သည်မှာ သဘာဝကျလှသည် မဟုတ်။  
          အဲ့ဒီ MPT က စာကို ဖတ်တော့ Gtalk , VZO , Pfingo , Skype , Callback တို့ကို တားလိုက်တယ်လို့ ဖေါ်ပြထားသော်လည်း VOIP Gateway များကြောင့် MPT စီးပွားပျက်ရပါတယ် ဆိုသည်ကို မတွေ့ရ။
          ပြည်ပ နိုင်ငံများကို သွားရောက်သူတိုင်း မြန်မာနိုင်ငံကို ဈေးနှုံးချိုသာစွာ အသုံးပြုနိုင်တဲ့ Calling Card တွေဟာ VIOP စနစ်နဲ့ အင်တာနက်မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာတာ ဖြစ်ပြီး ပြည်တွင်းမှာ VOIP Gateway တပ်ဆင်ပြီး local Phone line မှ တဆင့် ၀င်ရောက်လာတာပါပဲ။
          VOIP Gateway ဆိုလို့ အကြီးကြီး မထင်လိုက်ပါနဲ့ ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Switch လောက် သာသာ ရှိတဲ့ Gateway လေးနဲ့ RJ 11 8 Port, 16 port 24 port စသည်မှ E1 Line တို့ နဲ့ ချိတ်ဆက် အသုံး ပြုနိုင်တဲ့ စနစ်လေးပါ၊ အဲ့ဒါတွေ ဘယ်တာက ထွက်ပါသလဲ။ အဲ့ဒါတွေ အခုလည်း ရှိနေတော့ MPT မမြတ်ရင်တော့ တာဝန်ရှိသူများ အမြတ်ရလို့ အသံ မထွက်တာလား ဒါမှ မဟုတ် ထည့်သွင်းဖေါ်ပြရန် မေ့သွားတာလား ဆိုတာကို တွေးတော ရမလိုပါပဲ။
          ပိုလို့ စိတ်မကောင်းရသည်မှာ မြန်မာနိုင်ငံ အင်တာနက် လိုင်းများကျ နေသည့်နေ့များ တွင်ပင် VOIP gateway တွေမှ ၀င်လာသည့် ပြည်ပမှာ ခေါ်ဆို တဲ့ ဖုန်းတွေက လိုင်းကောင်းနေလေတော့၊ ဒီလို လိုင်းကောင်းအောင် လုပ်ပေးနိုင်သည့် မြန်မာပြည်မှ VOIP Gateway ကော်မရှင်ရ ပညာရှင်များကို ပြောလိုတာက -
          ငါတို့က PAC ကို တစ်လ ၅၀၀၀၀ ပေးရတယ်၊ Bagan လိုင်းက ၅၁၂ ထက် ပိုမပေး၊ လိုင်းက စိတ်မချရ တော့ MPT နောက်တလိုင်း ကို ၁၄၀ ၀၀၀ လောက် ပေးပြီး ထက်ဝယ်ရတယ် အဲ့ဒါတောင် ၅၁၂ ပဲ ရတယ် ဒီထက် ပိုလိုချင်ရင် လိုင်းကြေးရှိတယ် အဲ့ဒီမှတောင် ပုံမှန် အိုင်ပီ နဲ့ အလို အလျောက်အိုင်ပီ နှစ်ပိုင်း ခွဲထားတယ်။ လိုင်းကြေးမရှိသူတွေကို အလိုအလျောက် အိုင်ပီ ပေးထားပြီး လိုင်းနဲနဲ ကျတာနဲ့ လိုင်းမရဖြစ်၊ လိုင်းကြေးနဲ့ဆို ပုံမှန် အမြဲရ အိုင်ပီတွေ ပေးတယ်။
          ဒီလို ဒီလိုတွေကြောင့် ပုံမှန် အခန်းငှားခ၊ Bagan လစဉ်ကြေး၊ MPT လစဉ်ကြေး၊ PAC လစဉ်ကြေး ၊ ၀န်ထမ်းကြေး၊ မီတာခ ဒါတွေနဲ့တင်မက အင်တာနက်က မရတာက များများ နေလို့ လည်ပင်း အစ်နေတုန်း ဟိုတလောက CCTV တွေ မတပ်လို့ မရဘူး ဆိုပြီး မြို့နယ်ရုံးက လက်မှတ်ထိုးခိုင်းလို့ မရှိ ရှိတာလေးနဲ့ ၀ယ်တပ်လိုက်ရသေးတယ်၊ ဒီလို အနိုင့်အထက်နဲ့ စားဖို့ လုပ်နေသူတွေကို ဥပဒေကို အကြောင်းပြ၊ အသံကောင်းဟစ် သည်ကို စိတ်မကောင်းရန်မှ အပ အခြားမရှိသည့် ဘ၀။

       47 people like this.
- မကြားလိုပါ..မကြားလိုပါ.. ဖြတ်လိုလျှင်ဖြတ်ပါစေတာ့.. MPT မေတ္တာတွေဟာ User တွေအပေါ်မှာ..တသွင်သွင် စီးကျနေရှာ..(သီချင်းညည်းတာနော်..:P)

- သိန်းစိန် ရေ မင်းရွေးကောက်ပြီးတာမှ မကြာသေးဘူး IT နည်းပညာတွေကိုပါ နေပြည်တော် ထောင်မှာ အကျဉ်းချဖို. ကြိုးစားနေပြီလား မင်း တရားဝင်တက်မဲ.နေ. ရောက်မှာတောင် တွေးပြီး ပိုကြောက်မိသေးရဲ. တိုးတက်မှုက တစ်ခုမှ မမြင်ရသေးဘူး ဆုံးရှုံးတာတွေတော. ပို များများလာပြီ............

- အင်း ဒုက္ခ..ဒုက္ခ လည်ပင်းအစ်နေတဲ့ပြည်သူတွေကို လည်ပင်းထပ်ညှုစ်ပြီး အေးဒမြ တိုက်နေတာတော့ ရင်နာသဗျာ..။
- Stupid –Idiot guys are making backward. If possible, they want to go back to “Stone Age”. Now a day, all countries try to change telecommunication system from PSTN to VOIP system because VOIP is cheaper. Is means that Myanmar is developing ...country? Are they try to develop Myanmar in Cabinet?

            ( I understand that 15 minutes Cabinet discussion can't make anythings except for them).See More

- တ၇ားမဝင် တက်ရောက်လာသော အစိုးရသည် ဆက်သွယ်ေ၇း ဝင်ငွေကျဆင်းသည့်အတွက် ၅ယောက်ထက်ပိုအောင် ကျယ်လောင်စွာပြောကြားခွင့် လိုင်စင်များ ချမှတ်ပေးမည်ကို အသိပေးအပ်ပါသည် ။

-            Saing Kyaw Naing ကြာလေအခွင့်အရေးတွေပိတ်လေပေါ့။ငြီမ်ခံနေလေပိုပိတ်လေ။
- ပြည်သူတွေ သက်သာ အဆင်ပြေနေတာ မကြည့်ချင်တာ သူတို့ရဲ့ စေတနာအမှန်တွေပါ နည်းပညာကို အဆင်သင့် ခူးခပ်စားနေရတာတောင် ပြည်သူတွေရဲ့ ချွေးသွေး မျက်ရည်တွေကို ထပ်ပြီးအမြတ်ထုတ်ချင်နေသေးတဲ့ ဦးနှောက်မပါသူများ လို့ပဲသတ်မှတ်ရတော့မယ်။

-"မိမိတို့ နိုင်ငံသားတွေ သူများ နိုင်ငံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး နှစ်ရှည် လများ ကွဲကွာနေရတဲ့ မိမိတို့ရဲ့ မိဘ၊ သားသမီး ၊ ဇနီးမယား၊ သူငယ်ချင်းတွေကို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ရုပ်အသံလေး ကြားဖို့အတွက်တောင် မလွယ်ကူတော့ဘူးလား ..။ မိမိ မိသားစုကို ခွဲခွါ မိမိတို့ရဲ့ လူမှန်းသိတတ်စ ကလေးငယ်တွေကို ပြည်တွင်းမှ ထားခဲ့ပြီး ပြည်ပမှာ သွားရောက် လုပ်ကိုင်နေရတဲ့ မိခင် ဖခင်တွေအနေနဲ့ မိမိရဲ့ ရင်သွေးငယ်တွေရဲ့ ရုပ်အသံကို ကြည့်ခွင့် ရဖို့တောင် အခွင့်အရေး မရှိတော့ဘူးလား။ "

- ဂျပန်မှာ ဆူနာမီဖြစ်တာ...မြန်မာပြည်က အင်တာနက်ဆားဗစ်တွေပိတ်တယ်
            နော်....တော်တော်ထူးဆန်းတယ်....:D :D :D (တပြည်သူတွေအတွက် မြန်မာပြည်ကိုဖုန်းခေါ်ဖို့ ပိုက်ဆံပိုရှာခိုင်းတာနဲ့တူတူပဲနော်...) စိတ်ပျက်စရာ..ကြီး.....း(း-(

- ဒါကတော့ ဒီလိုပါ ခင်ည ..... အိမ်က မိန်းမက ... ဒီတခါတော့ ... စိန်နားကပ် ဆိုမှ စိန်နားကပ် ပဲ ဖြစ်နေလို့ပါ ခင်ည ... အဟဲ ... ( ခွိစ် ခွိစ် ခွိစ် ) ...

- ဟီး...ဒါပဲနော်............နောက်ဆိုရင် ဒီထက်ဆိုးမယ်.ဟင်း

- မနေ့တနေကပဲ ဆက်သွယ်ရေး တိုးတက်ဖို့ ဥပဒေတွေပါတွေ ပြထမ်းတယ် ပြောပြီး...အခုတော့တမျိုး...အဲ့တာကြောင့် ပြောကြတာ အခုတမျိုးတော်ကြာတမျိုး အစိုးရ လို့

- နှစ်မျိုးဂျီးများဒေါင် တတ်တာ ... နည်းသလား ဂျာ ... ခွိစ် ခွိစ် ခွိစ် ...

- မြန်မာပြည် ဘဂျက်လိုငွေပြနေတဲ့အတွက်ခုလို လုပ်ရခြင်းဖြစ်ပါတယ် သူတိုအတွက် ၀င်ငွေနည်းနေလို့ပါ

- ခေတ်နောက်ပြန်သို့..လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲကို မြန်မာပြည်မှာ ပြသတာ နှစ်ပေါင်းများစွာကြာခဲံပါပြီး..သီးခံပြီးကြည့်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့..ဆက်လက်လို့ အားပေးကြပါဦးခင်ဗျာ...

#copied from Moemaka.com